Thursday, April 22, 2010

ဂီတနှင့်စိတ်ဓါတ်လုံခြုံမှု

လုပ်ငန်းတစ်ခုကိုလုပ်ကိုင်ကြံ
စည်ဆောင်ရွက်ရသည်.အခါစိတ်ဓါတ်ကြည်လင်မှုရှိရန်လိုအပ်ပေသည်။ ပညာရပ်များကိုလေ့လာသင်ယူသင်ကြားရာတွင်လည်းစိတ်ဓါတ်ကြည်လင်လန်းဆန်း တက်ကြွလန်းဆန်းမှုရှိရန်လိုအပ်ပေသည်။
ဂီတသံစဉ်တို့သည်လူတို့၏စိတ်ကို ပျော်ရွှင်စေသည်။ လန်းဆန်းတက်ကြွစေသည်။ ဂီတသည်လူတို၏စိတ်ကိုသာမကသစ်ပင်၊ တရိစ္ဆာန်တို့ကိုပင်ဖွံ့ဖြိုးတိုး တက်အောင်စွမ်းဆောင်နိုင်စွမ်းရှိပေသည်။ သစ်ပင်၊ ပန်းပင်များကို သာယာသောဂီတသံစဥင်္ဖြင့်ယှဉ်လျှက်စိုက်ပျိုးပါကပိုမိုဖြစ်ထွန်းလာသည်။ နို့စားနွားမတို့ကို တေးဂီတဖြင့် ဖျော်ဖြေပါက နို့ထွက်ပိုမိုကောင်းလားသည်။

ဂီတသည် လူသားတို့၏ နိုးကြားလန်းဆန်းကြည်လင်မှုကင်းမဲ့နေသော စိတ်ဓါတ် ၊ ငယ်ရွယ်ကျန်းမာသန်စွမ်းပြီးထိုင်းမှိုင်းလေးလံနှေးကွေးအားငယ်ခြင်း၊ ပျင်းရိငြီးငွေ့ခြင်းတို့ကို ဖယ်ရှားပေးနိုင်စွမ်းရှိပြီး ဥာဏ်ပညာထွန်းလင်းတောက်ပနိုင်သည့် စိတ်ဓါတ်နှလုံးသားကိုပိုင်ဆိုင်မှုပေးနိုင်စွမ်းရှိပေမည်။ လေးလံထိုင်းမှိုင်း ပျင်းရီတွေဝေမှုများ၊ မာန်မာန ၊ ဒေါသ၊ အတ္တ၊ပူဆွေးဝမ်းနည်းသောကများဝေဖြာနေသော၊ နှလုံးသားတစ်စုံ၊ အတွင်းသို့ သာယာအေးချမ်းသောဂီတသံစဉ်စီးဝင်သွားလျှင် လူတို့၏ စိတ်ဓါတ်၊ လူတို့၏နှလုံးသားသည် တစ်မျိုးတစ်ဖုံပြောင်းလဲလျှက် ကြည်နူးခြင်း၊ ပျော်ရွှင်ခြင်း၊ လန်းဆန်းတက်ကြွခြင်း၊ ပညာဥာဏ်ထွန်းလင်းတောက်ပသည့် စိတ်ဓါတ်ခွန်အားများကို ရရှိပိုင်ဆိုင်လာပေမည်ဖြစ်သည်။

ဂီတသံစဉ်သည် လူသားတို့၏နှလုံးသားကို နူးညံ့သိမ်မွေ့စေပါသည်။ ဂီတသံစဉ်တေးတို့သည် လူသားတို့၏နှလုံးသားကိုနူးညံ့သိမ်မွေ့စေပါသည်။ ဂီတသံစဉ်တေးတို့သည်
လူသားတို့၏ စိတ်နှလုံးမှ အညစ်အကြေးများကို ဆေးကြောသန့်စင်ပေးလျှက် အေးချမ်းသာယာစိုပြေသော ပတ်ဝန်းကျင်သစ်ကို ပြန်လည်တည်ဆောက်ပေးနိုင်စွမ်းရှိပေသည်။
စိတ်ဖိစီးမှုများနေသူများသည် ဂီတသံစဉ်တေးသီချင်းတို့ကို (၅)မိနစ်(၁၀)မိနစ်ခန့်နားထောင်ပေး၍ မိမိနှလုံးသားကို အသစ်တစ်ဖန်တည်ဆောက်ရပေမည်။ ထိုအခါ စိတ်ဖိစီးမှုများ
ကျဆင်းလျှက် လန်းဆန်းတက်ကြွသော စိတ်ဓါတ်ခွန်အားသို့ဖြစ်စေ၍ မိမိလုပ်ဆောင်ရမည့် အကြောင်းအရာတို့ကို အောင်မြင်စွာာ ဆက်လက်ဆောင်ရွက်နိုင်စွမ်း ရှိပေမည်ဟု
ရေးသားတင်ပြအပ်ပါသည်။

ရေးသားသူ ..... မြတ်လေးပန်း