Showing posts with label ဂီတအကြောင်း. Show all posts
Showing posts with label ဂီတအကြောင်း. Show all posts

Monday, October 3, 2011

Tuesday, September 20, 2011

အဆိုပြိုင်ပွဲ ဝင်သူများကို အကြံပြုတဲ့ အဆိုတော် နီနီခင်ဇော်

ပြိုင်ပွဲကတက်တဲ့ အဆိုတော်တိုင်း အောင်မြင်တာ မဟုတ်ပါဘူး။ အနုပညာ လောကထဲကို ဝင်မယ်ဆိုရင် စိတ်ဓာတ် ကြံ့ကြံ့ခံရတယ်

အဆိုပြိုင်ပွဲ ဝင်သူများကို အကြံပြုတဲ့ အဆိုတော် နီနီခင်ဇော်
ယခုအချိန်တွင် ဆေးတက္ကသိုလ် နောက်ဆုံးနှစ် စာမေးပွဲ ဖြေဆိုရန်အတွက် အနုပညာ အလုပ်များကို ခေတ္တနားထားသည့် နီနီခင်ဇော်က ပြိုင်ပွဲမှတစ်ဆင့် နေရာရလာသည့် အဆိုတော်များအပေါ် သူမ၏ အမြင်ကို ထုတ်ဖော် ပြောကြားသည်။  “ပြိုင်ပွဲကတက်တဲ့ အဆိုတော်တိုင်း အောင်မြင်တာ မဟုတ်ပါဘူး။ အနုပညာ လောကထဲကို ဝင်မယ်ဆိုရင် စိတ်ဓာတ် ကြံ့ကြံ့ခံရတယ်။ အဆိုတော် ငယ်လေးတွေဆိုလည်း  အကြီးပိုင်းတွေနဲ့ သဟဇာတ ဖြစ်အောင် နေရတာတွေ ရှိတယ်။ တချို့သော စီးပွားရေး လုပ်ငန်းရှင်တွေက အသုံးချသွားတာတွေလည်း ရှိတယ်။ ဒါတွေကို နီတို့က ဦးနှောက်နဲ့ စဉ်းစားချင့်ချိန်ပြီး မမှားအောင် လုပ်ရတာတွေ ရှိတယ်။ အဲဒီထဲကမှ စိတ်ဓာတ် အခိုင်မာဆုံးနဲ့ အသန်စွမ်းဆုံးသူတွေကသာ ခုလောလောဆယ် အောင်မြင်နေတဲ့ လူတွေလို့ နီနီ ယူဆပါတယ်” ဟု ပြောသည်။

မယ်လိုဒီဝေါဒ် စင်မြင့်ထက်မှ ဂီတလောကတွင်း ချဉ်းနင်းဝင်ရောက်လာနိုင်ခဲ့ပြီး လက်ရှိတွင် ဈေးကွက်ဝင် အဆိုတော် တစ်ဦးအဖြစ် ရပ်တည်နေနိုင်ပြီ ဖြစ်သည့် နီနီခင်ဇော်သည် စက်တင်ဘာ ၂၃ ရက်တွင် ပြုလုပ်မည့် ပလေးဘွိုင်းသန်းနိုင်၏ Sweet 16 Live မွေးနေ့ အမှတ်တရ ဖျော်ဖြေပွဲတွင် သီဆိုဖျော်ဖြေမည် ဖြစ်သည်။ ပြီးခဲ့သည့် သြဂုတ်လကုန်ပိုင်းက ezy အန်တာတိန်းမန့်မှ ပြုလုပ်ခဲ့သည့် Ezy Accoustic Show တွင် ပါဝင် သီဆိုခဲ့ပြီး စင်မြင့်ဖျော်ဖြေပွဲများ ဆက်တိုက်နီးပါး သီဆိုဖြစ်နေသည့် နီနီခင်ဇော်က “ပလေးဘွိုင်း ဦးသန်းနိုင်ပွဲမှာ ဆိုပေးဖို့ ကမ်းလှမ်းထားပါတယ်။ ဘယ်သီချင်းဆိုပေးရမယ်လို့တော့ သေချာ မသိရသေးပါဘူး။ ခုလို  ဦးသန်းနိုင်ရဲ့ပွဲမှာ ဆိုခွင့်ရတာ အရမ်းဂုဏ်ယူပါတယ်” ဟု ပြောသည်။ လတ်တလောတွင်  “မင်းအတွက် ၃” စီးရီးထဲမှ ရသနှင့် တွဲဖက်သီဆိုထားသည့် “မိုးတိမ်ကဗျာ” သီချင်းမှာ ပရိသတ်ကြား ရေပန်းစား အောင်မြင်နေသော သီချင်းဖြစ်ပြီး ကေကေတီနှင့် အမျိုးသမီး အဆိုတော် ငါးယောက် သီဆိုထားသော “မျက်ဝန်းစကား” စီးရီးလည်း ထွက်ရှိထားသည်။

ဓီရာမိုရ် ပြောပြတဲ့ Sound Design အကြောင်း


ဇာတ်ကားတစ်ကားမှာ အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုအဖြစ် Sound Design ကို ဂီတမှူး ဓီရာမိုရ်က မိတ်ဆက်ပြောပြလာပါတယ်။ ဒီစနစ်ကို စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးအတွက် ဒါရိုက်တာ မောင်မျိုးမင်းရိုက်ကူးမယ့် ဒရမ်မာရုပ်ရှင် “တိုက်ဆိုင်မှုရှိလျှင်” မှာ ဓီရာမိုရ်နဲ့အတူ Sound Design ပညာရှင် ကိုကျော်ကိုကိုတို့က စတင်ဖန်တီးတော့မှာ ဖြစ်ပါတယ်။

Sound Design ဆိုတာ ဇာတ်ကားတစ်ကားမှာ အသံရဲ့အရည်အသွေးနဲ့ရသကို ပီပြင်ပြည့်စုံအောင် အသံတွေကို အသေးစိတ်ဒီဇိုင်းဆင် ဖန်တီးတဲ့ စနစ်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံမှာ ဒီစနစ်နဲ့ရိုက်ကူးထားတဲ့ ဇာတ်ကားလည်း မရှိခဲ့သေးဘူးလို့ ဓီရာမိုရ်က ပြောပြခဲ့ပါတယ်။

ရုပ်ရှင်ကားတစ်ကားမှာ အသံနဲ့ အရုပ်နဲ့နှစ်မျိုးရှိတယ်။ အသံမှာ ခုချိန်ထိ ကျွန်တော်တို့ လုပ်နေကျတွေက ဒပ်ဘင်တီးတယ်။ Music ရှိတယ်။ ဒိုင်ယာ လော့ခ်ရှိမယ်။ အဲဒါတွေကို Mixing လုပ်မယ်။ ပြီး ရင် Sound Effect နည်းနည်းပါးပါးထည့်တယ်။ ဒီလောက်ပဲ။ အမှန်တကယ်တော့ Sound Designဆိုတဲ့နည်းပညာ သတ်သတ်ရှိတယ်။

လူတွေရဲ့နားက တစ်ချိန်လုံး အလုပ်လုပ်နေပေမယ့် သိစိတ်နဲ့ မသိစိတ်ဆိုတာရှိတယ်။ ဒါပေမဲ့ အချိန်တော်တော်များများက သိစိတ်နဲ့ နားစိုက်ထောင်တာ ရှားတယ်။ Sound Designဆိုတာ နားအကြားအာရုံရသအတွက် သီးသန့်ဖန်တီးပေးရတဲ့ ပညာတစ်ခုပါ။ ဒိုင်ယာလော့ခ်၊ နောက်ခံဂီတ၊ Sound Effect နဲ့တင် မပြီးသေးဘူး။ အသံတွေကို ဒီဇိုင်းဆင်ရသေးတယ်။ ကျွန်တော် Sound Design သင်တန်းတက်တုန်းက ကားတစ်စီးနဲ့တစ်စီး မျက်နှာချင်းဆိုင်တိုက်တယ်ဆိုရင် သာမန် “ဝုန်း”ခနဲမြည်တဲ့အသံမှာတင် တိုက်မိတဲ့အသံ၊ တာယာပွတ်တဲ့အသံ၊ မှန်စလေးတွေ ကြွေသွားတဲ့အသံ၊ မှန်အချပ်လိုက်ကြီး ကွဲကျသွားတဲ့အသံ အစုံပေါ့။ ဒီလို အသံပေါင်း လေးဆယ်လောက်ပေါင်းလိုက်တော့မှ ရသမြောက်တဲ့ အသံဖြစ်လာတာ။

သဘောကတော့ ရုပ်ရှင်ပိတ်ကားထက်မှာ ကားနှစ်စီး တိုက်သွားတာကို အပြင်မှာ မျက်ဝါးထင်ထင်တွေ့ရသလို ခံစားရအောင် အသံက အများကြီး ပံ့ပိုးပေးနိုင်တယ်။ နောက်ပြီး Location (နေရာ)တွေကိုလည်းအသံက အများကြီး ပံ့ပိုးပေးနိုင်တယ်။ ရုပ်ရှင်ဆိုတာ ဘောင်ခတ်ပြီးပြတာပဲ။ ဒီ ဘောင်ထဲမှာ သူပြချင်တဲ့အရုပ်ကိုပြတာပေမယ့် ပိတ်ကားအပြင်ဘက်က မြင်ကွင်းပတ်ဝန်းကျင်တွေကို ပိုကြွလာအောင် ဘေးပတ်ဝန်းကျင်ကိုအသံနဲ့ ပညာသားပါပါ အလုပ်လုပ်ပေးရတာကို Sound Design လို့ ပြောလို့ရပါတယ်။ ဥပမာ ဘောလုံးကွင်းထဲကအသံ၊ လယ်ကွင်းထဲကအသံ စသဖြင့် သဘာဝကျတဲ့ အသံတွေကို ဒီဇိုင်းဆင်ပေးရတာမျိုးပေါ့။

ကျွန်တော်တို့ ဖန်တီးလိုက်တာကို သတိမထားမိလိုက်တဲ့သူတွေလည်း ရှိနိုင်တယ်။ ဒါပေမဲ့သေချာတာတစ်ခုက အသံရဲ့ရသကို ပီပီပြင်ပြင် ခံစားရမယ်။ အသံတွေ ပိုကောင်းနေတယ်၊ အသံငြိမ်နေတာပဲ ဆိုတာမျိုးကတော့ သေချာပေါက်ခံစားရပါမယ်။ နိုင်ငံခြားမှာဆိုရင် Sound Design မလုပ်ထားတဲ့ကားမရှိဘူး။ မြန်မာမှာကျတော့ Sound Design လုပ်ထားတဲ့ကား လုံးဝနီးပါးမရှိဘူး။ တချို့ မြန်မာကားတွေမှာဆို ဒိုင်ယာလော့ခ်တွေ ကြားမယ်။ နောက်က လေသံကြီးကထွက်လာလိုက်၊ ပျောက်သွားလိုက် ဖြစ်နေတယ်။ ဒိုင်ယာလော့ခ်ကမသန့်တော့ Music စွတ်တီးနဲ့ ဆူညံပွတ်လောရိုက်နေတယ်။ နားအာရုံရသ ထည့်စဉ်းစားတဲ့လူမျိုးအတွက် Post မရှိဘူးဖြစ်နေတယ်။ ရိုးရိုးဇာတ်ကားနဲ့စာရင် Sound Design လုပ်မယ့်ဇာတ်ကားက ကုန်ကျစရိတ်အနေနဲ့ သုံးသိန်းလောက် ပိုများပါတယ်။ Sound Design လုပ်ဖို့ ကွန်ပျူတာနဲ့ ဆော့ဖ်ဝဲကောင်းကောင်းတွေလိုမယ်။ နောက် Environmental Effect အသံတွေ အများကြီးလိုတယ်။ အခုဒီကား (တိုက်ဆိုက်မှုရှိလျှင်) ရိုက်ကွင်းမှာဆို ဘေးပတ်ဝန်းကျင်အသံတွေပါ ဖမ်းထားတယ်။ ဥပမာ လယ်ကွင်း၊ လေဆိပ်စသဖြင့်ပေါ့။ Environmental အသံဆိုတာ တစ်ခုနဲ့တစ်ခု တူမယောင်နဲ့ လုံးဝ မတူဘူး။ အလုပ်ရုံချင်းအတူတူတစ်ရုံနဲ့တစ်ရုံမှာ ဖြစ်ပေါ်နေတဲ့အသံတွေက မတူဘူး။ ဒါကြောင့်ကျွန်တော်တို့က အသံတွေကိုထောင်ချီပြီးစုထားတယ်။

နောက်တစ်ခုက ဖိုလီလို့ခေါ်တယ်။ Post Recroding လုပ်တဲ့အခါမှာ ဥပမာ ဖန်ခွက်နှစ်ခုတိုက်တဲ့အခန်း ပါတယ်။ ဒီအခန်းကို ရှုတင်မှာဖမ်းတဲ့မိုက်ကျတော့ Directional ဖြစ်နေတော့ အသံကောင်းကောင်းရချင်မှရမှာ။ ဒီတော့ သူ့အသံဖယ်ပြီး ရုပ်တွေကိုပဲကြည့်ပြီး ဖန်ခွက်ကိုပြန်တိုက်ပေးရမယ်။ ခွက်နှစ်ခုတိုက်တယ်ဆိုတိုင်း ကြုံရာခွက်ယူပြီး တိုက်လိုက်လို့မရဘူး။ ကြွေခွက်လား၊ ဖန်ခွက်လား။ သူ့ရဲ့ထိခတ်မှုပြင်းအား ဘယ်လောက်ရှိလဲ။ အဲဒီလိုအသေးစိတ်လေးကအစ လုပ်ရတယ်။

Sound Design လုပ်လုပ်မလုပ်လုပ် ဘယ်ကားပဲဖြစ်ဖြစ် Environmental အသံက အရမ်းအရေးပါတယ်။ တချို့ကားတွေမှာဆို လေကအရမ်းတိုက်နေတယ်။ စကားသံကျတော့ ကြည်နေတယ်။ ဒါ သဘာဝမကျဘူး။ အဲဒီလိုနေရာမျိုးဆိုရင် Effect ကလိုအပ်တယ်။ Sound Design အသံညီညွတ်မျှ တမှုအဆင့်တင် မဟုတ်ဘူး။ အသံကပေးတဲ့ရသပါ ပါတယ်။ သာမန်ဇာတ်ကားဆိုရင် ဒိုင်ယာလော့ခ်ရှိနေရင် နောက်ခံဂီတက တိုးသွားတယ်။ ဒိုင်ယောလော့ခ်မရှိရင် နောက်ခံဂီတက ကျယ်လာတယ်။ ဒါပေမဲ့ Sound Design လုပ်မယ်ဆိုရင် ဒိုင်ယာလော့ခ်မရှိတိုင်း နောက်ခံဂီတက ကျယ်လာစရာအကြောင်း မရှိဘူး။ ဂီတလုံးဝမပါတာလည်း ဖြစ်နိုင်သလို ပါရင်လည်း တိုးတိုးလေးပဲဖြစ်ချင်ဖြစ်မယ်။ အားလုံးကဒီဇိုင်နာပေါ် မူတည်သွားတယ်။

ဒီစနစ်ကို ဖန်တီးတဲ့အခါ အခက်အခဲတွေတော့ အများကြီးရှိနိုင်ပါတယ်။ ကျွန်တော်တို့က အသိပဲရှိတယ်။ လက်တွေ့လုပ်တဲ့အခါ ကြုံရတဲ့ အခက်အခဲတွေကို နိုင်ငံတကာကအတွေ့အကြုံရှိတဲ့ Sound Designer တွေနဲ့လည်း ချိတ်ဆက်ထားတယ်။ သူတို့ အကြံဥာဏ်၊ လုပ်နည်းကိုင်နည်းတွေကို တောင်းခံလို့လည်းရပါတယ်။ ဒီကားက HD ကနေ ဖလင်ကိုပြန်ပြောင်းမယ်ဆိုတော့ အသံပိုင်းမှာ နည်းပညာအရ အခက်အခဲမဖြစ်အောင် အခြေခံကအစ သေချာလုပ်မှာပါ။

လောလောဆယ် ကျွန်တော်တို့ Surround (အသံပတ်လည်စနစ်)တော့ မလုပ်နိုင်သေးပေမယ့် စတီရီယို ဘယ်သံညာသံမှာတင် Sound Design လုပ်ထားတဲ့ဇာတ်ကားမှာ အသံသပ်ရပ်မှု၊ အသံကြည်လင်မှုက ရိုးရိုးကားနဲ့ လုံးဝကွာသွားပါတယ်။ နိုင်ငံတကာရုပ်ရှင်ပွဲတော်သွားပြရင်လည်း အသံပိုင်းဆိုင်ရာမှာ ထပ်ပြီးပြင်ဆင်စရာ မလိုလောက်အောင် Sound Design ကိုလုပ်သွားဖို့ ပြင်ဆင်ထားတယ်။ နိုင်ငံတကာမှာပြတဲ့အခါ ကျွန်တော်တို့မြန်မာကားတွေရဲ့အသံအဆင့်က မဆိုးဘူးဆိုတဲ့ သတ်မှတ်ချက်လေး ရနိုင်တဲ့အဆင့်အထိ ရည်ရွယ်ထားတယ်။

Sound Design ဆိုတဲ့နည်းပညာကို မြန်မာ့ရုပ်ရှင်လောကမှာ ဖွံ့ဖြိုးရှင်သန်လာစေချင်တယ်။ ပိတ်ကားနောက်ကွယ်က အရမ်းအရေးကြီးတဲ့ မရှိမဖြစ် ကဏ္ဍတစ်ခုပါ။ ကျွန်တော်တို့လုပ်မှရယ် မဟုတ်ပါဘူး။ တခြား SD ဒီဇိုင်နာတွေလည်း အများကြီး ပေါ်ပေါက်လာနိုင်ပါတယ်။ တခြား ရုပ်ရှင်ကုမ္ပဏီတွေကလည်း စိတ်ဝင်စားသင့်တယ်။

Thursday, June 30, 2011

မြန်မာ့ဂန္ထဝင် သီချင်းစာအုပ်များ ရောင်းအားသွက်နေဆဲ

မြန်မာပြည် အထက်ပိုင်း အနုပညာဈေးကွက် မြို့ပြနှင့် ကျေးလက်တောရွာတွေ ဆီမှာတော့ ခေတ်၏ သရုပ်သဏ္ဌာန် တစ်ခုဖြစ် လိုနေတဲ့စီဒီ၊ ဗီစီဒီစတဲ့ အခွေတွေက နေရာတိုင်းမှာ ရောင်းချနေပေမယ့် တိမ်ကော ပပျောက် မသွားနိုင်တဲ့ စာအုပ်စာပေ ရောင်းဝယ်ရေး လုပ်ငန်းဟာလည်း အခြေအနေ မပျက်သေးပါဘူး။ ကောလင်း၊ ဝန်းသို၊ အင်းတော်၊ ဗန်းမောက်၊ နဘား၊ မော်လူး၊ ကသာဒေသတွေ ကနေ ကချင်ပြည်နယ်ထဲက မြစ်ကြီးနား၊ တနိုင်း၊ ဖားကန့်လို နေရာတွေဆီမှာအထိ စာအုပ် ကိုယ်စားလှယ်တွေဟာ ဖျော်ဖြေရေးပစ္စည်း အမျိုးစုံကြားထဲမှာပဲ တောင့်ခံထားနိုင်တုန်းပါ။ စာအုပ်ဂျာနယ်တွေ ရောင်းဝယ်မှု နယ်ပယ် အတွင်းမှာပဲ သီချင်းစာအုပ် ထုတ်လုပ် ရောင်းချနိုင်မှုဟာ အရှိန်မြင့်နေဆဲ ရှိနေခဲ့ပါတယ်။ မြန်မာပြည် အထက်ပိုင်းရဲ့ စာအုပ် ရေစီးကြောင်းအတွင်းမှာ လူငယ်လူရွယ်တို့ နှစ်ခြိုက်နေဆဲ သီချင်းစာအုပ်တွေ ထဲမှာတော့ ခေတ်ပေါ်သံစဉ်၊ မြန်မာသံစဉ်ဆိုတဲ့ တေးဂီတတွေထဲမှာ အထက်ဆုံးက ခေါင်းထောင်နေတာက အဆိုတော်ပိုက်သက်ကျော်ပါ။ ပိုင်သက်ကျော်ရဲ့ သီချင်းစာအုပ်မျိုးစုံက မြန်မာ့ဂီတကို တွယ်မက်နေဆဲဖြစ်တဲ့ ပရိသတ်တွေကြားမှာ အခိုင်အမာ ရပ်တည်ဆဲဖြစ်ပြီး ပိုက်သက်ကျော် တေးပေါင်းချုပ်စာအုပ် ဆိုရင် တစ်အုပ်(၁ဝဝဝ)ကျပ်နှုန်းနဲ့ အမြင့်ဆုံးမှာ ရပ်တည်နေခဲ့ပါတယ်။
       ဝါဆိုမိုးနဲ့ပြန်ခဲ့ပါ၊ သမုဒယဝါဆိုမိုး သီချင်းစာအုပ်တွေနဲ့ အဝယ်လိုက်နေဆဲ ဗညားဟန်ကလည်း မြန်မာ့သံစဉ်နဲ့ ခေတ်ပေါ်တေးသီချင်း စာအုပ်တွေကို ကျော်ဖြတ်နေရာ ရယူနိုင်ဆဲလို့ စာအုပ်ရောင်းချသူတွေနဲ့ ပြောစကားအရ သိရပါတယ်။ ပိုင်သက်ကျော်နဲ့ ဗညားဟန်တို့ ရွှေခေတ် မဖြစ်မီကတော့ သံယောဇဉ် လွန်းတင်သည့်ကြိုး၊ နှလုံးသား သစ္စာအရိန္ဒမာ သီချင်းစာအုပ်တွေနဲ့ (၆)နှစ်ကျော်မျှ ထိပ်ဆုံက ရပ်တည်ခဲ့ဖူးတဲ့ ပိုးအိစံ ဆိုရင် သီချင်းစာအုပ်တွေ သောင်းကြီးဂဏန်းအထိ စံချိန်တင် ရောင်းချခဲ့ရတယ် ဆိုတဲ့ သတင်းက ဂုဏ်ယူစရာ ကောင်းလှပါတယ်။ ခေတ်ပေါ်သံစဉ် သီချင်းတွေက မြန်မာနားနဲ့ မြန်မာလို ကြားချင်ပြီး နားဆင်မှုတွေ ကျယ်ပြန့်ခဲ့တဲ့ မြန်မာ သံတေးသီချင်းတွေကို အားပေးမှု လွန်ကဲခဲ့သည့် အတွက် မြန်မာသံသီချင်း စာအုပ်တွေ ကျယ်ကျယ်ပြန့်ပြန့် အလုပ်ဖြစ်နေခဲ့တာလို့ ကောက်ချက် ချနိုင်ပါတယ်။ အခုချိန်ထိ ရောင်းဝယ်လို့ သွက်လက်နေတဲ့ သီချင်းစာအုပ်တွေက ပိုက်သက်ကျော်၊ ဗညားဟန်၊ စိုင်းထီးဆိုင်၊ စိုင်းဆိုင်မောဝ်၊ခင်မောင်တိုး၊ အောင်သူ၊ အနိုင်၊ မင်းအောင်၊ တွံတေးသိန်းတန်၊ ဟင်္သတထွန်းရင်တို့ရဲ့ ဂီတစာအုပ်တွေချည်း အများဆုံး လှုပ်ရှားနေတုန်းပဲ ဆိုရင် တချို့က အံ့သြကြမလားပဲ။ တကယ်တော့ ဒါဟာ အံ့သြစရာ မဟုတ်ပါဘူး။ မြို့ပြက လူတွေထက် ကျေးလက်နေ လူထုတွေက ခေတ်ပေါ်ထက် ခေတ်ရဲ့ သမာသမတ်ကျကျ သီဆို ဖျော်ဖြေလေ့ရှိတဲ့ ဂန္ထဝင်ဂီတတွေကို ပိုပြီး သဘောကျမှုဆိုတဲ့ ရွေးချယ်မှုကြောင့် လို့ပဲ ရိုးရှင်းစွာ ပြောပြနိုင်မှာ ဖြစ်ပါတယ်။ ပင်ပန်းနွမ်းနယ်မှုတွေကို ပြေလွင့်စေဖို့ လူငယ်လူလတ်ပိုင်းအရွယ်တို့ရဲ့ ဂီတနားဆင်ခြင်း၊ ရွေ့လျားမှုထဲမှာ စန္ဒရားချစ်ဆွေ၊ ခင်ညွန့်ရည်၊ မေဆွိ၊ မို့မို့ဇော်ဝင်း၊ အိုပြည့်ရှင်၊ ချိုပြုံး၊ သုမောင်၊ ဖိုးသောကြာတို့ရဲ့ သီချင်း စာသားတွေကလည်း ရှင်သန်လျှက်ရှိနေဆဲ ပါပဲ။
ယဉ်ယဉ်သိန်း(နဘား)

Sunday, January 3, 2010

သီချင်း(song)ဆိုသည်မှာအဘယ်နည်း

ကိုယ်ပိုင်သီချင်းတွေရေးစပ်မည့်သူတစ်ယောက်ဟာသီချင်းဆိုတဲ့ဟာမှာဟာတွေပါ
ဝင်ပေါင်းစပ်ဖွဲ့စည်းထားတယ်ဆိုတာကိုအခြေခံကျကျနားလည်ထားဖို့အရေးကြီးပါ
တယ်။တကယ်တမ်းပြောကြမယ်ဆိုရင်သီချင်းတပုဒ်ဖန်တီးဖို့ရာမှာ
(၁) မိမိရဲ့ခံစားမှုကိုတင်ပြဖို့(THEME)အကြောင်းအရာပိုင်းနဲ့အဲဒီအကြောင်းအရာ
တွေကိုသက်ဝင်လာစေဖို့တန်ဆာဆင်ဖို့ရာ(LYRIC)ဆိုတဲ့စကားလုံး(စာပေ)တွေလို
အပ်ပါတယ်။
(၂) အဲဒီအကြောင်းအရာစကားလုံးတွေကိုကြားရသူစိတ်ညွတ်ပြောင်းလာအောင်အ
သံအတိုအရှည်အဆွဲအငင်၊အနိမ့်အမြင့်တို့နဲ့ဆွဲဆောင်သီဆိုဖို့ရာ``အသံစနစ်´´
ဆိုတာလဲလိုအပ်လာပါတယ်။ချုပ်ပြီးပြောရမယ်ဆိုရင်သီချင်းဆိုတာက စကားလုံးနဲ
အသံစနစ်ကိုဟန်ချက်မျှတစွာပေါင်းစပ်ဖွဲ့စည်းထားတာကိုဆိုလိုတာပါပဲ။

အသံစနစ်(SOUND)ဆိုသည်မှာအဘယ်နည်း။
စာပေအကြောင်းအရာခံစားချက်ဆိုတာကတော့ပုဂ္ဂလိကခံစားချက်အလုပ်ဖြစ်တာ
ကြောင့်လွတ်လပ်ပါတယ်။မိမိခံစားရတဲ့အကြောင်းအရာတွေကိုကြိုက်သလိုရွေးချယ်
ရေးစပ်နိုင်ပါတယ်။သို့သော်လည်းအဲဒီအကြောင်းအရာနဲ့ပေါင်းစပ်ဖွဲ့စည်းရမယ့်
အသံစနစ်ကတော့စနစ်စည်းကမ်းအတိအကျရှိပါတယ်ထင်သလိုလုပ်လို့မရနိုင်ဘူး
ဆိုတာသတိထားရပါမယ်။

အသံရဲ့ဗီဇနှစ်မျိုး
အသံစနစ်ဆိုလို့ပြောစရာတေါ့ရှိပါသေးတယ်။ဆူညံသံ(NOISE)နဲ့ဂီတနဲ့ပတ်
သက်တဲ့အသံ(TONE)ဆိုပြီး(၂)မျိုးရှိပါတယ်။ဆူညံသံကိုပယ်ပြီးသာယာသံက
ိုယူရပါမယ်။
သာယာသံ(TONE)ရဲ့ဗီဇ
ဂီတနဲ့ပတ်သက်တဲ့သာယာသံကိုရရှိဖို့အောက်ပါအရည်အချင်းများနဲ့ပြည့်စုံ
ုံရမှာဖြစ်ပါတယ်။
၁။ Pitch လို့ခေါ်တဲ့အသံလှိုင်းကြိမ်နှုန်းအနိမ့်အမြင့်၊
၂။ Durationလို့ခေါ်တဲ့အသံတစ်ခုရဲ့ကြာရှည်ချိန်၊
၃။ Dimimentလို့ခေါ်တဲ့အသံတစ်ခုရဲ့အပြင်းအပျော့နဲ့
၎။ Tembreလို့ခေါ်တဲ့အရာဝတ္ထုတစ်ခုကထုတ်လုပ်လိုက်တဲ့အသံရဲ့အရည်
်အသွေးတို့ပဲဖြစ်ပါတယ်။
ဒါတွေတစ်ခုချင်းစီရဲ့အသေးစိတ်အကြောင်းတွေကိုတော့အရင်ဂီတဆောင်းပါး
တွေမှာအသေးစိတ်ဖော်ပြခဲ့တာကြောင့်ယခုထပ်မံပြီးမဖော်ပြတော့ပါဘူး။

သီချင်းဘယ်လိုရေးကြမည်နည်း။
စကားလုံးအကြောင်းအရာပိုင်းကိုတော့ကိုယ့်ခံစားချက်နဲ့ကိုယ်ရေးနိုင်တာ
ကြောင့်ဒါကိုမရေးပြတော့ပဲအသံတွေနဲ့သီချင်းတွေကိုဘယ်လိုဖွဲ့စည်း
တည်ဆောက်သလဲဆိုတာကိုပဲအဓိကထားရေးသွားပါ့မယ်။အရိုးစင်းဆုံး
ပြောရမယ်ဆိုရင်တေးသွားသံစဉ်(MELODY)တစ်ခုရရှိုဖို့ရန် (PITCH)ဆို
တဲ့အသံအနိမ့်အမြင့်နဲ့၊(DURATION)ခေါ်တဲ့အသံအတိုအရှည်တို့ကိုသ
ဟဇာတဖြစ်အောင်စီမံဖွဲ့စည်းယူရတာပဲဖြစ်ပါတယ်။

အသံအနိမ့်အမြင့်အတွက်ဂီတစကေးလ်
သီချင်းရေးဖွဲ့ဖို့အတွက်ဂီတစကေးလ်များကိုယခင်(A.D 450)ရှေးနှစ်
ပေါင်းများစွာထဲက (CHURCH MODE)ခေါ်တဲ့ဂီတစကေးလ်များကိုတီထွင်
သတ်မှတ်ခဲ့ကြပါတယ်။16ရာစုနောက်ပိုင်းမှာစကေးလ်များထပ်မံတိုးပွားခဲ့ပါ
တယ်။ဒီတော့သီချင်းရေးစပ်ဖို့ရာစကေးလ်ဆိုတာသေသေချာချာသဘော
ပေါက်ထားဖို့တော့လိုပါတယ်။ဒီတော့စကေးလ်ဟူသည်မှာအဘယ်နည်း။
Nearly All Musics Is Made Up Of Notes Or Tones That Have A
Definite Pitch Relationship To One Another A Basic Set Of Notes
That Are Nor Mally Played Es A Musical Scale .
များသောအားဖြင့်ဂီတဆိုတာ သာယာသံများနဲ့ တည်ဆောက်ထားကြပြီး
အဲဒီအသံတွေဟာတိကျတဲ့(Pitch) အသံအနိမ့်အမြင့်တို့ရှိကြကာ တစ်ခုနဲ့
တစ်ခုလည်းဆက်နွယ်လျက်ရှိကြပါတယ်။အဲဒီအခြေတကျရှိတဲ့အသံအုပ်စု
ကိုပုံစံတကျတီးခတ်ရတာကိုဂီတစကေးလ်လို့သတ်မှတ်ပါတယ်။

Scale Is A Group Of Tones Sounded In Particular Sequence
စကေးဟူသည်အသံများကိုအုပ်စုတစ်ခုဖွဲ့ပြီးသီးခြားအစီအစဉ်များချမှတ်
ကာတီးခတ်ရခြင်းကိုခေါ်ပါတယ်။
အထက်ပါအဆိုမိန့်တွေကိုထောက်ချင့်ပြီးပြောရမယ်ဆိုရင်စကေးလ်ဆို
တာအသံတွေနဲ့ဖွဲ့စည်းထားပြီးအဲဒီအသံတွေဟာစည်းကမ်းမဲ့ပရမ်းပတာ
မဟုတ်ဘဲတိကျတဲ့အသံအနိမ့်အမြင့်(Pitch) တို့ရှိကြကာသီးခြားသတ်မှတ်
ထားတဲ့အစီအစဉ်များနဲ့ပုံစံတကျတီးခတ်ရတာကိုစကေးလ်လို့နားလည်ရ
မှာဖြစ်ပါတယ်။

ဒိုင်ယာတိုးနစ်မေဂျာစကေးလ်(DIATIONC MAJOR SCALE)
စကေးများစွာရှိတဲ့အထဲက သီချင်းရေးစပ်လိုသူများပထမ
ဦးစွာသိသင့်သိထိုက်တာကတော့ဒိုင်ယာတိုးနစ်မေဂျာစကေးလ်ဖြစ်ပါတယ်။
အမှန်တော့စကေးလ်ဆိုတာဟာ(FUNDERMENTAL NOTE)မူတည်သံစဉ်
တစ်ခုကနေသူ့ထက်အသံမြင့်တဲ့အသံများဆီသို့တဖြည်းဖြည်းမြင့်တက
်သွားပြီး မူတည်သံနဲ့တဖန်ပြန်လည်တူညီတဲ့အသံမှာအဆုံးသတ်လေ့ရှိပါ
တယ်။

ဒိုင်ယာတိုးနစ်မေဂျာစကေးလ်ပုံစံ
(DIATIONC MAJOR SCALE FROM KEY :C)
TONIC(OR)TONEC OCTVE
1 2 34 5 6 7i-(အသံအပြန်)
(မူတည်သံ)

ဖော်ပြခဲ့ပြီးတဲ့စကေးလ်ရဲ့အဓိပါယ်သဘောတရားများအရဒိုင်ယာ
တိုးနစ်မေဂျာစကေးလ်ကိုသုံးသပ်ကြည့်ကြပါဦးစို့။ဒိုင်ယာတိုးနစ်
စကေးလ်မှာတိကျတဲ့အသံအနိမ်အမြင့်(DEFINTE PITCH)ရှိ
ကြောင်းအောက်ပါဇယားအရသိရှိနိုင်ပါတယ်။ဖော်ပြပါဒိုင်ယာတိုး
နစ်မေဂျာစကေးလ်ဇယားအားတဖက်စာမျက်နှာတွင်အပြည့်စုံ
ဆုံးမှတ်တမ်းပြုဖော်ပြထားမှုအားလေ့လာပြီးလေ့ကျင့်ရေးသားနိုင
်ဖို့လိုအပ်ပါတယ်။ဒါမှအကောင်းဆုံးသီချင်းတပုဒ်ကိုစည်းစနစ်ကျ
ကျရေးဖွဲ့နိုင်စွမ်းလည်းရှိလာမှာဖြစ်ပါတယ်။

NOTE LETTER NAME PITCH FREQUENCY CYCLES/SEC
1(do) C 264
2(re) D 297
3(mi) E 330
4(fa) F 352
5(sol) G 386
6(la) A 440
7(ti) B 485
1(do) C 528

FREQUENCY CYCLE/SEC ဆိုတာကတစက္ကန့်မှာတုန်လှုပ်တဲ့ အသံ
လှိုင်းကြိမ်နှုန်းကိုခေါ်တာပါ။`ဒို´က 246 ကြိမ်တုန်ခါပါတယ်။`ရေ´
ကတော့297 ခါတုန်ခါပြိးအဆင့်ဆင့်မြင့်တက်သွားရာကနေ နောက
်ဆုံး `ဒို´ပြန်ရောက်တော့528 ကြိမ်တုန်ခါတါကိုတွေ့ရပါတယ်။

အခန်း(၁)ကိုဖတ်ရှုပြီးတော့ ဘယ်လောက်မှတ်မိသလဲဆိုတာက
ိုအောက်ပါမေးခွန်းလေးတွေကိုဖြေကြည့်ကြစေချင်ပါတယ်။

မေးခွန်းများ

၁။ သီချင်းတပုဒ်ဖြစ်ရန် ဆောက်တည်ထားသောအခြေခံအချက်နှစ
်ရပ်ကိုဖော်ပြပါ။
၂။ (TONE)သာယာသံတစ်ခုရရှိရန်မည်သည့်ဗီဇလက္ခဏာများရှိနေ
ရမည်နည်း။
၃။ (MELODY)တေးသွားတစ်ခုရရှိရန်မည်သည့်အရာတို့အားပေါင်း
စပ်ရမည်နည်း။
၎။ စကေးလ်၏သဘောတရားအဆိုအမိန့်တစ်ရပ်အားရေးပြပါ။
၅။ သီချင်းရေးစပ်မည့်သူသည်မည်သည့်စကေးလ်အားဥိးစွာသ
ိနားလည်ထားရမည်နည်း။
၆။ 1(do)သံ၏အသံလှိုင်းကြိမ်နှုန်း(FREQUENCY)မည်မျှရှိ
ပါသနည်း။
၇။ 5(so)သံ၏အသံလှိုင်းကြိမ်နှုန်း(FREQUENCY)မည်မျှရှိ
ပါသနည်း။

Saturday, January 2, 2010

ဂီတ နှင့် ကျန်းမာရေး

ဂီတ နှင့် ကျန်းမာရေး

ကိုယ်လက်လှုပ်ရှားမှုပြုလုပ် ချိန်မှာ တေးဂီတကိုနားထောင်တာဟာ လူကိုပိုမိုတက်ကြွစေပြီး ပျော်ရွှင်စေပါတယ်။ ယခုနှစ်ပိုင်းတွင် သိပ္ပံနည်းကျ လေ့လာတွေ့ရှိချက်များအရ တေးဂီတဟာ ကျန်းမာရေးအတွက် များစွာအထောက်အကူ ပြုတယ်ဆိုတာ တွေ့ရပါတယ်။

ဂီတနှင့် နှုတ်မှုရေးရာ
လေ့လာချက်များအရ ကိုယ်လက်လှုပ်ရှားမှု တစ်ခုတည်းပြုလုပ်ရုံဖြင့် သင့်ရဲ့စိတ်အခြေအနေနှင့် ဆုံးဖြတ်နိုင်မှုစွမ်းအားများကို တိုးတက်စေမည်ဖြစ်ပြီး တေးဂီတနှင့်အတူ ကိုယ်လက် လှုပ်ရှားမှုများ ပြုလုပ်ပါလျှင် ထိုအကျိုးကျေးဇူးများအပြင် သင့်ရဲ့နှုတ်မှုရေးရာပါ တိုးတက်မှာ ဖြစ်ပါတယ်။ ၂၀၀၃ နှစ်တွင် လေ့လာချက်များ အရ လေ့ကျင့်ခန်းလုပ်စဉ်အတွင်းမှာ တေးဂီတကို နားဆင်မည်ဆိုပါလျှင် နှလုံးသွေးကြော ရောဂါရှိသူများတွင် နှုတ်မှုရေးရာ တိုးတက် လာတယ်လို့ သိရှိရပါတယ်။

နှလုံးသွေးကြောရောဂါရှိသူများတွင်ကျိုးကြောင်းဆီလျော်အောင် တွေးခေါ်မှုအား လျော့ကျ နေတတ်တာကို တွေ့ရပါတယ်။ လေ့လာချက်များအရ ကိုယ်လက်လှုပ်ရှားမှုများကို ဂီတနှင့်အတူ ပြုလုပ်သူတွေမှာ နှုတ်မှုရေးရာ တိုးတက်မှုဟာ ကိုယ်လက်လှုပ်ရှားမှု တစ်ခုတည်းကိုသာ ပြုလုပ်သူများထက် နှစ်ဆမက တိုးတက်လာတာကို တွေ့ရတယ်လို့ဆိုပါတယ်။

ဂီတနှင့် စိတ်ဖိစီးမှု

တေးဂီတဟာ ကိုယ်လက်လှုပ်ရှားမှုနှင့် တွဲဖက်၍ဖြစ်စေ မတွဲဖက်ဘဲဖြစ်စေ လူသားတို့ကို စိတ်ပိုင်းဆိုင်ရာကို ပုံမှန် လည်ပတ်စေတယ်လို့ ဆိုပါတယ်။ ကျယ်လောင်ပြီး မြူးကြွတဲ့တေးဂီတတွေဟာ လူသားတို့ရဲ့စိတ်ကို လန်းဆန်းတက်ကြွနေစေဖို့ လှုံ့ဆော်ပေးပြီး ၊ နူးညံ့ညင်သာတဲ့ တေးသွား အေးအေးများကတော့ အိပ်မောကျအောင် ဖန်တီးပေးတတ်ပါတယ်။

ယခုနှစ်များမှာ တေးဂီတဟာ အနာကျက်မှုကို ပိုမိုမြန်ဆန်စေတယ်ဆိုတာကို ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများ က သဘောပေါက်လာကြပါတယ်။ တေးဂီတရဲ့ သံစဉ်၊ စာသား၊ လှိုင်းအနိမ့်အမြင့် စတဲ့ အရည်အသွေးတွေက ဝေဒနာရှင်တွေကို အတိုင်းအတာတစ်ခု အထိ ငြိမ်းချမ်းစေပြီး ပုံမှန်ကျန်းမာရေးအခြေအနေကို အမြန်ပြန်ရောက်အောင် လုပ်ဆောင်ပေးနိုင်တယ်လို့ ကလေးအထူးကု ဆရာဝန်တစ်ဦးဖြစ်တဲ့ Linda Fisher က ဆိုထားပါတယ်။ ဥပမာ၊ စောင်းသံချိုချိုဟာ နှလုံး ဆိုင်ရာနဲ့ပတ်သတ်ပြီး ရောဂါရှိသူများအတွက် များစွာအထောက်အကူ ပေးပါတယ်။ Harvard တက္ကသိုလ်မှ လေ့လာချက်များအရ နှလုံးခုန်ချက်တွေဟာ classical music နဲ့အတော်လေးကို ဆင်တူပြီး စောင်းသံချိုချိုကလည်း နှလုံးခုန်ချက်တွေကို ပုံမှန်ဖြစ်အောင် လုပ်ပေးနိုင်တယ်လို့ဆိုပါတယ်။ အဲဒီအပြင် ၁၉၉၀ နှစ်များက လေ့လာချက်အရ တေးဂီတဟာ ခွဲစိတ်ကုသနေတဲ့ ဝေဒနာရှင်တွေရဲ့ နှလုံးခုန်နှုန်းတွေကို လျော့ကျစေပြီး၊ သွေးပေါင်ချိန်နှင့် အသက်ရှုနှုန်းတို့ကို ပုံမှန်ဖြစ်စေတယ်လို့ သိရပါတယ်။

ထို့ပြင် တေးဂီတကို နားထောင်ခြင်းဖြင့်

၁။ လေဖြတ်ထားသူတွေမှာ ခန္ဓာကိုယ် လှုပ်ရှားမှုကို ကောင်းမွန်စေခြင်း
၂။ ကိုယ်ခံအားကို ကောင်းမွန်စေခြင်း
၃။ အာရုံစူးစိုက်မှုကို အားပေးခြင်း
၎။ နာကျင်မှုကို သက်သာစေခြင်း
၅။ လူရော စိတ်ကိုပါ ပျော်ရွှင်စေခြင်း
၆။ စိတ်ဖိစီးမှုကို လျော့ကျစေခြင်း
တို့ကို ဖြစ်စေပါတယ်။

တေးဂီတနှင့် မိခင်လောင်း

စိတ်ဖိစီးမှု၊ စိတ်ကျမှုနှင့် စိတ်ပူပန်မှုများဟာ
ကိုယ်ဝန်ဆောင်များအနေနှင့် အများဆုံး ရင်ဆိုင်ရတဲ့ ပြဿနာတွေဖြစ်ပါတယ်။ ယခုနှစ်ပိုင်းတွင်လေ့လာချက်များအရ နူညံ့ညင်သာသော တေးသွားများကို နားထောင်တဲ့ ကိုယ်ဝန်ဆောင် များမှာ စိတ်ဖိစီးမှု၊ စိတ်ပူပန်မှုနှင့် စိတ်ကျရောဂါဖြစ်မှုတို့ကို လျော့ကျစေတယ်လို့ ဆိုပါတယ်။ ထို့အပြင်
ကိုယ်ဝန်ဆောင် မိခင်များတွင် စိတ်ကျမှုကို သက်သာစေရန် သုံးသော ဆေးများဟာ ရင်သွေးငယ်ကို ထိခိုက်စေတယ်၊ မထိခိုက်စေဘူးဆိုတာ ယခုထိတိုင် အတိအကျ မသိနိုင်သေးပဲ ရှိနေပါတယ်။ ဒါကြောင့် ဈေးလည်းသက်သာ ရိုးရှင်းတဲ့ ကုသမှုတစ်ခုဖြစ်တဲ့ တေးဂီတကို နားထောင်ပေးခြင်းဖြင့် ဝေဒနာခံစားမှုကို သက်သာစေမှာဖြစ်တဲ့အပြင် မိမိရင်သွေးကိုလည်း စိတ်ကျပျောက်ဆေး ဆိုးကျိုးများရဲ့ဒဏ်မှ ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။

ဘယ်လို တေးဂီတမျိုးကို နားဆင်သင့်ပါသလဲ ။

အထက်မှာဖော်ပြထားတဲ့အတိုင်း ကျယ်လောင်ပြီး မြူးကြွတဲ့တေးဂီတတွေဟာ လူသားတို့ရဲ့စိတ်ကို လန်းဆန်းတက်ကြွနေစေဖို့ လှုံ့ဆော်ပေးပြီး ၊ နူးညံ့ညင်သာတဲ့ တေးသွား အေးအေးများကတော့ အိပ်မောကျအောင် ဖန်တီးပေးတတ်တာမို့ မိမိတို့ စိတ်အခြေအနေနဲ့ သင့်တော်တဲ့ တေးဂီတအမျိုးအစား ကို ရွေးချယ် နားဆင်နိုင်ပါတယ်။ နူးညံ့ညင်သာတဲ့ တေးသွားများအပြင် သဘာဝအသံကလေးများဖြစ်တဲ့ ငှက်ကလေးများရဲ့အသံ၊ မိုးတစိမ့်စိမ့်ရွာသံ၊ ဖားအော်သံနှင့် ပင်လယ်ရေလှိုင်းခတ်သံများ ဟာလည်း စိတ်ဖိစီးမှုကို လျော့ကျစေနိုင်ပါတယ်။ နူးညံ့တဲ့တေးသွားတွေဟာ ဝေဒနာရှင်တွေရဲ့စိတ်ကို ပြေလျော့စေပြီး ဆေးကုသမှု၊ ခွဲစိတ်ကုသမှုများကို အထောက်အကူဖြစ်စေပါတယ်။

ဘယ်လိုအကျိုးကျေးဇူးများကို ရစေပါမလဲ။

တေးဂီတနှင့် ကိုယ်လက်လှုပ်ရှားမှု ပေါင်းစပ်ခြင်းဖြင့်သင့်အား …
၁။ သင်ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်း မလုပ်သေးပေမယ့် အတန်အသင့် လှုပ်ရှားနေချိန် အတွင်းမှာ သင်ရဲ့ ပင်ပန်းမှုတွေကို ၁၀ %ထိ လျှော့ချပေးမှာဖြစ်ပါတယ်။
၂ ။ သင့်ရဲ့စိတ်ကို တေးဂီတက လွှမ်းမိုးနေချိန်မှာ သင့်ရဲ့တွေးခေါ်မှုတွေဟာ အကောင်းမြင်
ဝါဒဘက်မှာ ရှိနေမှာ ဖြစ်ပြီး စိတ်တက်ကြွမှု၊ ပျော်ရွှင်မှုများနဲ့ သင်ဟာ ဘ၀ကို ရင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် တေးဂီတဟာ သင့်ရဲ့ စိတ်ဖိစီးမှု၊ စိတ်ဓါတ်ကျမှု၊ မောပန်းနွမ်းနယ်မှု၊ ဒေါသ ၊ တွေဝေခြင်းတို့ကိုလည်း လျော့ကျစေမှာဖြစ်ပါတယ်။
၃။ ကောင်းမွန်ပျော်ရွှင်စရာ ကောင်းတဲ့ သွေးပူလေ့ကျင့်ခန်း ကိုပေးပါလိမ့်မယ်။
၎။ သင့်ရဲ့ လက်ရှိအချိန်တွေဟာ ပြိုင်ဆိုင်မှုများနဲ့ပြည့်နှက် နေမယ်ဆိုရင် သင့်ရဲ့ ပင်ပန်းနွမ်းနယ်မှုများကို ကျော်လွှားစေမှာဖြစ်ပြီး သင့်ရဲ့ စိတ်လှုပ်ရှားမှုများကို ထိန်းကျောင်းပေးမှာဖြစ်ပါတယ်။ ဒါကြောင့် သင့်ကိုယ်သင့် တေးဂီတနဲ့အတူ လေ့ကျင့်ခန်းမှန်မှန် လုပ်ဖို့ရာ တိုက်တွန်းခြင်းဟာ အာဟာရပြည့်ဝတဲ့ အစားအသောက်များကိုနေ့စဉ်စားသုံးခြင်းလိုပဲ အရေးကြီးလှပါတယ်။
http://www.myanmarchatonline.org/ မှကူးယူဖော်ပြပါသည်

ဂစ်တာဝယ်ရင်ဘာတွေသိထားရမလဲ

ဂစ်တာဆိုတာ တစ်ခါတရံတစ်ဦးတည်းခံစား ချက်တွေဖွင့်ထုတ်ရာ၊ တစ်ခါတရံသက်ဆိုင်သူနှစ်ဦး ကြားဆက်သွယ်ရာ၊ တစ်ခါတရံကျတော့ ဂီတချစ်လူ ငယ်များရဲ့ဂီတအိပ်မက်တွေရှင်သန်ရာ။ ဒါကြောင့် သူဟာ လူငယ်တွေအကြားမှာရေပန်းအစားဆုံးတူရိ ယာ။ ဒီလိုတူရိယာကို ပိုင်ဆိုင်ဖို့ကြိုးစားတဲ့အခါ ဘာ တွေသိထားဖို့လိုတယ်ဆိုတာကို ဂစ်တာချစ်တတ်တဲ့ ဘော်ဒါတွေအတွက် စုစည်းဖော်ပြပေးလိုက်ပါတယ်။

ဟော်လိုဂစ်တာ



ဝါသနာအရတီးမယ့်လူတွေအတွက်ကတော့ ဟော်လိုဂစ်တာလောက်နဲ့ အဆင်ပြေနိုင်ပါတယ်။ ဟော်လိုဂစ်တာဝယ်တဲ့အခါ ရိုးရိုးတီးချင်တဲ့လူက(၂၁) ဘားပါတဲ့ဂစ်တာကိုဝယ်ရင်ရပေမယ့်Lead တီးချင်တဲ့လူကတော့ (၂၄) ဘားပါတဲ့ဂစ်တာကို ၀ယ်ရမှာပါ။ အဲဒီ့အခါ အရင်ဆုံး ကြည့်ရမှာက ရှေ့ဆုံး(၁)ဘားကနေ နောက်ဆုံးဘား အထိ ကြိုးနဲ့ဘားနဲ့ကပ်လား၊ မကပ်လားဆိုတာပါပဲ။ ပြီးရင်Master Tuning ဖြစ်တဲ့ E A D G B ကိုညှိပြီး တီးကြည့်လိုက်ပါ။ ကိုယ့်လက်ထဲမှာ အဲဒီ့ဂစ်တာဟာ မာလည်းမမာ၊ ပျော့လည်းမပျော့ဘဲအနေတော်ဖြစ် နေဖို့လိုပါတယ်။ နောက်တစ်ခုက င်္ငညါနမဘသမေိ မှာ ဘားတွေစောင်းနေလား၊ တည့်နေလားဆိုတာ အမြင် နဲ့ဆုံးဖြတ်ရပါတယ်။ ဂစ်တာအိုးကိုလည်း သေချာ ကြည့်ဖို့လိုပါတယ်။ တချို့က ဂစ်တာအိုးမှာကွဲနေတဲ့ နေရာကိုပတ်တီး ပြန်ကိုင်ပြီး ဆေးမှုတ်ထားတာ ရှိတတ်ပါတယ်။ အဲဒါမျိုးဝယ်မိရင် ကိုယ့်လက်ထဲ ရောက်မှ ဂစ်စ်တာအိုးကွဲသွားတာတို့၊ အသံမမှန်တာ တို့ဖြစ်တတ်ပါတယ်။ ဂစ်တာကိုလုံးဝ မတီးတတ် သေးတဲ့ လူဆိုရင် တီးတတ်တဲ့လူကို ခေါ်သွားပြီးဝယ် သင့်ပါတယ်။ မတီးတတ်တဲ့လူက ဂစ်တာပုံစံလှတာနဲ့ ဆေးသားကောင်းတာကိုပဲကြည့်ပြီး ၀ယ်နိုင်မှာပါ။ တကယ် တီးတတ်တဲ့လူမှ အသံထွက်ကောင်းလား၊ မကောင်းလားဆိုတာကို ဆုံးဖြတ်နိုင်မှာပါ။ ဈေးနှုန်းက တစ်သောင်းကနေ နှစ်သောင်း လောက်အထိ ရှိတတ် ပါတယ်။ ဟော်လိုဂစ်တာက တစ်နှစ်လောက်သုံးပြီးရင် အသစ်ဝယ်တီးတာ ပိုကောင်းပါတယ်။ ဂစ်တာကို လုပ်ထားတဲ့သစ်တွေက ပေါင်းထားတာမဟုတ်တဲ့ အတွက် ကျုံ့သွားပြီး အသံမမှန်ဖြစ်တတ်ပါတယ်။ သစ်တွေကို သေချာပေါင်းပြီး Professional လုပ်ထားတဲ့ဂစ်တာ မျိုးလည်းရှိပါတယ်။ ဒါပေမယ့် အဲဒီ့ဂစ်တာတွေက နိုင်ငံခြားက ဂစ်တာဈေးလောက် ရှိတာမို့ ၀ါသနာရှင်တွေက ရိုးရိုးဟော်လိုဂစ်တာကိုပဲ ၀ယ်ကြတာများပါတယ်။

အီလက်ထရစ်ဂစ်တာ



ဝါသနာအရဆိုတာထက်ပိုပြီး အဆင့်မြင့်လာ ရင်တော့ အီလက်ထရစ်ဂစ်တာကိုင်တာပိုကောင်းပါ တယ်။ အီလက်ထရစ်ဂစ်တာကိုဝယ်မယ်ဆိုရင်တော့ ကိုယ်တီးမယ့်ဂီတအမျိုးအစားပေါ်မူတည်ပြီး ရွေးချယ် ရမှာပါ။ ဘယ်လိုဂီတအမျိုးအစားကိုတီးချင်တာလဲ။ Classical တီးချင်တဲ့လူက Classic ဂစ်တာဝယ်ကို ၀ယ်ရမှာဖြစ်ပြီး Rock တီးချင်တဲ့လူမှာလည်း Rock အီလက်ထရစ်ဂစ်တာရှိကိုရှိဖို့လိုပါတယ်။ Blues တို့ Rock တို့ Alter တို့ တီးမယ်ဆိုရင်Fender, Gibson တို့လိုချိုတဲ့၊ စူးတဲ့၊ ပြတ်တဲ့အသံမျိုးထွက်တဲ့ဂစ်တာကို ရွေးချယ်ရမှာပါ။ Dark Metal တီးမယ့်လူမျိုးကျတော့ Hammer လိုအချွန်အတက်တွေပါတဲ့ဂစ်တာမျိုးကို ရွေးချယ်ကြတယ်။ Ibanez, Fender, Gibson, ESP တို့ကတော့ နာမည်ရှိတဲ့ ဂစ်တာအမျိုးအစား တွေပါ။ အီလက်ထရစ်ဂစ်တာရဲ့ကောင်းတဲ့အချက်က တော့ တစ်စစီဖြုတ်ပြီးလဲလို့ရတယ်။ Fingerboard ကောင်းတာကိုရွေးချယ်ပြီး ၀ယ်သင့်ပါတယ်။ တီးပါ များတဲ့အခါ ဘားကုန်သွားတာမျိုးဖြစ်တတ်ပါတယ်။ ဈေးနှုန်းကတော့ ဂစ်တာအမျိုးအစားအလိုက်(၂)သိန်း ကနေ သိန်း(၃၀)ကျော်အထိရှိတတ်ပါတယ်။ ဈေးကြီး တဲ့အတွက် တချို့က သူများသုံးပြီးသာ့းျနိ တွေကို ၀ယ်ကြတယ်။ အဲဒီအခါ တချို့က ဈေးသက်သာပေ မယ့် ကောင်းတာကိုရတယ်၊ တချို့ကျတော့ ဈေးကြီး ပေးဝယ်လိုက်ရပေမယ့် မကောင်းဘူး။ အဲဒီလိုပြဿ နာလေးတွေရှိတတ်ပါတယ်။ ကိုယ်တိုင်က အီလက်ထ ရစ်ဂစ်တာဝယ်ချင်တယ်။ ဒါပေမယ့် နီးစပ်တဲ့လူတွေ ထဲမှာ ဒီလိုဂစ်တာအကြောင်းသိတဲ့လူမရှိဘူး၊ ကိုယ် တိုင်လည်းသိပ်မသိဘူးဆိုရင်တော့ Internet ထဲကနေ Download လုပ်ပြီးကြည့်လို့ရပါတယ်။ အဲဒီမှာ ဂစ် တာအမျိုးအစားအလိုက်ဈေးနှုန်းတွေကအစပါပါတယ်။

ကြိုး
ဂစ်တာနဲ့ပတ်သက်ပြီး မသိမဖြစ်သိထားရမှာက ဂစ်တာကြိုးပါ။ ကြိုးကိုကောင်းကောင်းသုံးသင့်ပါ တယ်။ Anybore ဆိုတဲ့တံဆိပ်က ဈေးနှုန်း 6000 လောက်ရှိပြီး (၆) လလောက်ကောင်းကောင်း သုံးလို့ရပါတယ်။ ဒီ့ထက်ပိုသုံးချင်တယ်ဆိုရင် ကြိုး ပေါ်လစ် (String Polish) ကိုသုံးနိုင်ပါတယ်။ တီးပြီး တဲ့အခါတိုင်း ကြိုးကိုပေါ်လစ်တင်ရင် သံချေးမကပ်ဘဲ ကြာကြာခံပါတယ်။ ကြိုးနဲ့ပတ်သက်ရင် ကြိုး Gate တွေကိုလည်း သိထားဖို့လိုပါတယ်။ Solo တီးချင်တဲ့ လူက ကြိုး Gate 8 နဲ့9 ကိုဝယ်ရမယ်။ Rock တီးချင် တဲ့လူက 10 ကိုဝယ်ရမယ်။ Korn တို့လိုနိမ့်နိမ့်အသံ မျိုးလိုချင်တယ်ဆိုရင်တော့ 11 နဲ့12 ကိုဝယ်ရမယ်။ ဒီ လိုမှမဟုတ်ဘဲ ကိုယ်တီးမယ့်ဂီတအမျိုးအစားနဲ့ ကြိုး Gate မကိုက်ရင်Tuning မပြည့်တာ၊ ကြိုးက လိုတာထက်ပိုတင်းနေတာ၊ ပိုလျော့နေတာ၊ ပြန်တင်း ရင်လည်း ကျော်နေတာမျိုးဖြစ်တတ်ပါတယ်။ ဒါကြောင့် ကြိုးဝယ်တဲ့အခါ ကိုယ့်ရဲ့Tuning ကို စဉ်းစားသင့်ပါတယ်။

ဂစ်တာထိန်းသိမ်းမှု
ဂစ်တာထားတဲ့နေရာက အပူအအေးမမျှတဲ့ အခါ Fred တွေ ဘားကပ်သွားတာမျိုးဖြစ်တတ်ပါ တယ်။ Pickup ကလည်း မသုံးဘဲထားရင် ညောင်း သွားတတ်ပါတယ်။ ဒါကြောင့်တတ်နိုင်ရင် ကိုယ့်ဂစ် တာကို တစ်နေ့တစ်နာရီလောက် ပုံမှန်တီးပေးသင့်ပါ တယ်။ မတီးဖြစ်ဘူးဆိုရင်လည်း ဂစ်တာကြိုးကိုလုံးဝ ပျော့သွားအောင်လျှော့ထားတာမျိုး၊ အရမ်းတင်ထား တာမျိုးမလုပ်သင့်ပါဘူး။ ကြိုးကိုအရမ်းတင်းပြီးပစ် ထားရင်Fingerboard ကောက်သွားတတ်ပါတယ်။ ကြိုးကိုအရမ်းလျှော့ထားရင်လည်း Fred ကကြိုးကို ဆွဲမထားတဲ့အတွက် ပြောင်းပြန် ပြန်ကောက်သွားတာ မျိုးဖြစ်တတ်ပါတယ်။ Fingerboard က အရမ်းအ ရေးကြီးပါတယ်။ လက်မဆေးဘဲတီးတာမျိုး၊ ကြိုး ဟောင်းနေတာကိုမလဲဘဲပစ်ထားတာမျိုးမလုပ်သင့်ပါ ဘူး။ သံချေးတွေPickup ထဲဝင်ပြီးပျက်စီးတတ်ပါ တယ်။ သံချေးတွေက ဘားကိုစားသွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ကိုယ့်ဂစ်တာကိုကိုယ်တစ်ယောက် တည်း တစ်လက်ကိုင်တာကောင်းပါတယ်။ ဂစ်တာ ထောင်ရင် Stand နဲ့ထောင်မယ်၊ ဖုန်သုတ်ပေးမယ်၊ ကြိုးဟောင်းရင်လဲပေးမယ်၊ ကြိုးကိုတင်းပြီးတစ်လ လောက်ပစ်ထားတာမျိုး၊ ကြိုးလျှော့ပြီးပစ်ထားတာမျိုး မလုပ်ရင် ဂစ်တာတစ်လက်ဟာ ကြာရှည်ခံပါတယ်။ Case နဲ့ထည့်ထားနိုင်ရင်လည်း ကောင်းပါတယ်။
ဒါဆို ကိုယ့်ရဲ့ခံစားဖော်၊ ခံစားဖက်ဂစ်တာတစ် လက်ကို ဘယ်လိုရွေးချယ်ဝယ်ယူရမလဲ၊ ဘယ်လိုထိန်း သိမ်းရမလဲဆိုတဲ့ နည်းလမ်းများကို သင်ကတစ်ဆင့် အခြားသူငယ်ချင်းများကို ဝေမျှနိုင်ပါပြီ။

ဂီတအသုံးအနှုန်းများ





ဂီတလောကထဲမှာသုံးနှုန်းနေကြတဲ့ အချို့ သောအသုံးနှုန်းတွေနဲ့ပတ်သက်ပြီး လေ့လာသိရှိထား ရအောင်တင်ပြပေးလိုက်ပါတယ်။ နည်းပညာဆိုင်ရာ အသုံးအနှုန်းတွေကတော့ ကျယ်ပြန့်လွန်းတဲ့အတွက် ချန်လှပ်ထားခဲ့ပြီး အကြမ်းဖျင်းအားဖြင့်သုံးနှုန်းကြတဲ့ အသုံးအနှုန်းအချို့ကိုသာဖော်ပြပေးလိုက်ပါတယ်။

1. Demo (Demostration)- အစမ်းပုံဖော်တီးခတ် သီဆိုခြင်း
2. Body တီးခတ်ခြင်း- သီချင်းတစ်ပုဒ်ကို စတင်ရန် အတွက် ပထမဆုံးဒရမ်တီးခတ်ခြင်း၊ Bass ဂစ်တာဖြင့် လည်းတွဲတီးလေ့ရှိသည်။ တစ်ခါတရံ Instrument များအားလုံးကိုလည်း တွဲဖက်တီးခတ်လေ့ရှိသည်။
3. Tempo - တေးသွားတစ်ခု၏ အနှေးအမြန်နှုန်း
4. Timing- စည်းချက်၊ နရီ၊ စည်းဝါး (4/4, 2/4, 3/4, 6/8 etc...)
5. Beaten- ရိုက်ချက် (Music ပုံစံကိုလိုက်၍ ပြောင်း လဲနိုင်သည်)
6. Multipel ထပ်ခြင်း- ရှေ့တွင် Body တီးထားခြင်း ကို Lead ဂစ်တာ၊ KB နှင့်အဆိုတို့သွင်းခြင်း
7. Pitch (vocal)- အသံ၊ အနိမ့်အမြင့်
8. Tone- သံနေသံထား
9. Color - အသံပြာ၊ အသံဝါ...စသည်ဖြင့်
10. Tuning- Key ညှိ၊ အသံညှိခြင်း၊ Vocal, Instrument များအား အသံညှိခြင်းကို စန္ဒယားနှင့်ညှိ လေ့ရှိကြသည်။
11. Arrangement- တေးသီချင်းအတွက် အဆို၊ တီး ခတ်မှုများအားနေရာချထားပေးခြင်း
12. Section Player- မိမိကိုယ်ပိုင်ဝိုင်းနှင့်သော်လည်း ကောင်း၊ တစ်ဦးတည်းအခြား Player များနှင့်အစုဖွဲ့ ၍ တီးခတ်သူ
13. Mixing - သီချင်း၏အသံပိုင်းဆိုင်ရာအားသာမှု အားနည်းမှု၊ တိုးခြင်း၊ ကျယ်ခြင်းအားလုံးကို ညှိယူပြင် ဆင်ခြင်း
14. Master- Mixing ပိုင်းမှအသံညှိယူမှုပြီးစီးလျှင် နောက်ဆုံးအဆင့်ပြုလုပ်သောအဆင့်

ဂီတသင်တန်းများအကြောင်း

ဂီတမိတ်
၂၀၀၃ ဒီဇင်ဘာမှစတင်ဖွင့်လှစ်ခဲ့တဲ့ ဂီတမိတ် သင်တန်းကျောင်းမှာ စန္ဒရား၊ အဆိုဂစ်တာ (Classic, Bass)၊ ဒရမ်၊ ကလဲနက်၊ လေမှုတ်တူရိယာစတဲ့ ဂီတ ပညာရပ်များကို သင်ယူနိုင်ပါတယ်။ ကြိုက်နှစ်သက် ရာမေဂျာတစ်ခုခုကို သင်ကြားတဲ့အခါတိုင်းမှာ ဂီတ သီအိုရီနဲ့ အဆိုပိုင်းကို တွဲဖက်သင်ကြားပေးပါတယ်။ ဂီတပညာရှင် ဆရာဆယ့်ခြောက်ဦးက တပည့်တစ်ဦး လျှင် ဆရာတစ်ဦးစနစ်နဲ့သင်ကြားပေးပါတယ်။ တစ်ပတ်လျှင် နှစ်ရက်နှုန်းနဲ့တစ်လကို တစ်သောင်းခွဲနှုန်းနဲ့ သင်ကြားပေးနေပါတယ်။
ဆက်သွယ်ရန်- အမှတ်- ၂၁၉၊ ကာယသုခလမ်းသွယ်၊ ကံဘဲဘူတာရုံလမ်း၊ ရန်ကင်း၊ Ph: ၁၉ ၅၁၈၁၇၁၄

ညီညီထွေး (ဂစ်တာသင်တန်း)
၁၉၉၄ကနေ စတင်ဖွင့်လှစ်ခဲ့တဲ့ ညီညီထွေးရဲ့ ဂစ်တာသင်တန်းမှာ ဂစ်တာနဲ့ပတ်သက်ပြီး အခြေခံ ကနေစပြီး သင်ပေးသလို၊ လာရောက်သင်ကြားလိုသူရဲ့ ဆန္ဒအတိုင်းမေးမြန်းသင်ကြားပေးပါတယ်။ ဂစ်တာ ဆိုင်ရာ လက်လေ့ကျင့်ခန်း ဂီတပိုင်းဆိုင်ရာ သီအိုရီ များကိုလည်း သင်ကြားပေးပါတယ်။ ယခုအခါ ဂစ်တာသင်တန်းအပြင် ဒရမ်သင်တန်းကိုပါ ပူးတွဲဖွင့်လှစ်ထားပါတယ်။ Rock ဂီတကို ခုံမင်သူများအတွက် အဆင်ပြေစေမယ့်သင်တန်းပါ။ ညီညီထွေးရဲ့ဂစ်တာသင်တန်းမှာ ဂစ်တာတီးခတ်ရုံမျှမက ဂစ်တာ Effect တွေရဲ့သဘောထား၊ နိုင်ငံတကာက အတီးသမားတွေ ရဲ့ အယူအဆ စတာတွေကိုပါ ပြောပြဆွေးနွေးပေးပါတယ်။ သင်တန်းပုံစံမျိုးမဟုတ်ဘဲ မိသားစုဆန်ဆန် သင်ကြားပေးခြင်းပါ။ သင်တန်းကြေးအနေနဲ့ကတော့ တစ်လကို တစ်ပတ်လျှင်(၂)ရက် သင်ကြားချိန် တစ်နာရီခွဲနှုန်းကို တစ်သောင်း၊ တစ်ပတ်လျှင်(၃)ရက် သင်ကြားချိန် တစ်နာရီခွဲကို တစ်သောင်းခွဲနှုန်းနဲ့ သင် ကြားပေးနေပါတယ်။ ဒရမ်သင်တန်းကတော့ နှစ်နာရီသင်ကြား ချိန်ကိုတစ်သောင်းခွဲနှုန်းပါ။ ဖော်ပြပါ သင်တန်းအချိန် များမှာ သင်ကြားမှုအချိန်ဖြစ်ပြီး လာရောက်လေ့ကျင့် လိုတဲ့သင်တန်းသားများအား အချိန်ညှိနှိုင်းပြီးလာ ရောက်လေ့ကျင့်နိုင်ပါတယ်။
ဆက်သွယ်ရန်- အမှတ်-၁၅၂(B)၊ (၈)လွှာ၊ မြန်မာ့ ဂုဏ်ရည်လမ်း၊ ကန်တော်လေး Ph - ၀၉ ၅၁၄၈၅၇၈

တယောသင်တန်း (ဦးတင်ရီ) Academy of Music
တယောပညာရှင် ဦးတင်ရီ ကိုယ်တိုင်ဦးစီးဖွင့် လှစ်ထားတဲ့ သင်တန်းဖြစ်ပါတယ်။ အသက်ရှစ်နှစ် အရွယ်ကနေ စတင်သင်ကြားနိုင်ပါတယ်။ သင်တန်း ကြေးအနေနဲ့ကတော့တစ်လလျှင် တစ်သောင်း နှုန်းတစ်ပတ်(၃)ရက်၊ တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ (၉)နာရီမှ (၁၁)နာရီထိ၊ ညနေ(၄)နာရီမှ (၆) နာရီအထိ ကြိုက်နှစ်သက်ရာအချိန်များ ရွေးချယ် တက်ရောက်နိုင်ပါတယ်။
ဆက်သွယ်ရန်- အမှတ်(၃၅)၊ (၆)လွှာ(B)၊ ဦးထွန်းလင်းခြံလမ်း၊ လှည်းတန်း၊ ကမာရွတ်မြို့နယ်။ Ph: ၀၉ ၉၉၂၈၈၅၃

Hla Shwe Music Center
စန္ဒယားနဲ့ပတ်သက်သမျှတွေဖြစ်တဲ့ စန္ဒယား ရောင်းဝယ်ခြင်း၊ ငှားရမ်းပြုပြင်ခြင်းတို့အပြင် စန္ဒယား၊ ဂစ်တာ၊ တယော သင်တန်းများကိုလည်း ဖွင့်လှစ် ထားတဲ့ လှရွှေ Music Center မှာ တက်မယ်ဆိုရင် သင်တန်းကြေးအနေနဲ့ တစ်လလျှင် စန္ဒယား သင်တန်းကို (၂)သောင်းခွဲနှုန်း တစ်ပတ်(၂)ရက်၊ ဂစ် တာသင်တန်းကို အခြေခံ (၂) လခွဲအပြတ်၊ (၂) သောင်း ခွဲနှုန်း၊ တယောသင်တန်းကို အခြေခံ (၂) လခွဲအပြတ် သုံးသောင်းနှုန်းနဲ့ နေ့စဉ်မနက်(၉)နာရီမှ ညနေ(၇)နာ ရီအထိ ဖွင့်လှစ်သင်ကြားပေးနေပါတယ်။
ဆက်သွယ်ရန်- ၉၀၉(B)၊ (၉)လွှာ၊ ရွှေဂုံတိုင်၊ ယုဇန တာဝါ။ PH: ၅၅၉၅၈၉

ကိုစိုင်း ရဲ့ ဂစ်တာသင်တန်း
ဂစ်တာစာအုပ်တွေလည်းထုတ် ဂစ်တာနဲ့ပတ်သက်ရာ နည်းပညာဆောင်းပါးတွေလည်းရေးတဲ့ ဂစ်တာပညာရှင် ကိုစိုင်းကိုယ်တိုင် (၁၉၉၄) ကနေ စတင် ဖွင့်လှစ်ခဲ့တဲ့ သင်တန်းပါ။ သင်တန်းမှာ မသင်မနေရ သီဆိုရီပိုင်းနဲ့ Rhythm တီးခတ်ခြင်းကိုသင်ပေးပြီး Metal, Bass, Lead စတာတွေကို သင်ကြားလိုတာကို သင်ယူနိုင်ပါတယ်။ သင်တန်းချိန်ကို မနက်၊ နေ့လည်၊ ညပိုင်းဆိုပြီး သတ်မှတ်ထားပါတယ်။ တစ်ချိန်ကို တစ်နာရီနှုန်းနဲ့ တစ်ပတ် 3 ရက် သတ်မှတ်ထားပါတယ်။ သင်တန်းကြေးက တစ်လကို တစ်သောင်းနှုန်းပါ။
ဆက်သွယ်ရန်- အမှတ်(၆၈)၊ မင်းလမ်း စမ်းချောင်း၊ PH-511920,095038453