Monday, March 15, 2010

သံစဉ်ချစ်သူများသို့

ကျွန်နော့် ဘလော့လေးကို လာရောက်တဲ့ မိတ်ဆွေတို့ရဲ့တောင်းဆိုချက်များကို အတက်နိုင်ဆုံး ဖြည့်ဆည်းပေသွားပါမယ် .... ဒီထက်စုံလင်တဲ့သီချင်းလေးတွေတင် ပေး သွားပါမယ် .... လိုအပ်တာလေးတွေရှိခဲ့ရင်လည်း ခွင့်လွှတ်ကြပါရန် မေတ္တာ ရပ်ခံပါတယ်

Monday, March 8, 2010

ကျွန်နော် ဒီ အတောအတွင်း မအားလပ်တာကြောင့် ဘလော့ဂ် အသစ်တွေ ထပ်မတင်ဖြစ်ခဲ့ပါဘူး .... သီချင်းစာအုပ်လေးတွေတော့ တင်ထားပါတယ် ...လွယ်လွယ်ကူကူ ဒေါင်းလို့ရတာပေါ့ဗျာ .... ဂစ်တာတီးတဲ့သူတွေအတွက်တော့ အလုပ်ဖြစ်လောက်မယ်ထင်ပါတယ် ....ဂီတ နဲ့ပတ်သက်တဲ့ အကြောင်း အရာတွေ ပေးပို့ချင်လို့ ရှိရင် လည်း pyaephyoaung02@gmail.com ကို ပေးပို့လို့ရပါတယ် ...... သီချင်းအသစ်လေးတွေ ..... ကိုယ်ပိုင် သီဆိုထားတာလေးတွေ ရှိရင်လည်း songstosongs@gmail.com ကိုပေးပို့လို့ရပါတယ် .....ကျွန်နော့်ကိုအားပေးကြတဲ့သူငယ်ချင်းမိတ်ဆွေများကိုလည်း ကျေးဇူးတင်ရှိပါတယ် .... အားလုံးအတွက် ခဏတဖြုတ် အပန်းပြေ လေး ဖြစ်မယ်ဆိုရင်ကျေနပ်ပါတယ် ....

Monday, February 1, 2010

ငါဟာတိမ်တိုက်ပါ

ထူးအိမ်သင်ရဲ့ ဘဝ ဒဿန သီချင်းဟောင်းလေးတွေကြိုက်နှစ်သက်သူတွေအတွက် တစ်ပုဒ်ချင်း player လေးမှာ သီချင်းဟောင်းလေးတစ်ပုဒ် တင်ပေးလိုက်ပါတယ် ။ ကိုငှက်ကို အမှတ်တရ ရှိကြသူတွေ အတွက် လွမ်းမော ဖွယ်
သီချင်းဟောင်းလေးတစ်ပုဒ်ပါ ။ သီချင်းလေးနာမည်ကတော့ " ငါတိမ်တိုက် " လို့ ခေါ်ပါတယ် ။ ကျွန်တော် ငယ်
ငယ် ကတည်းက ကြိုက်နှစ်သက်ခဲ့တဲ့သီချင်းလေး တစ်ပုဒ်ပါပဲ ။ ပရိတ်သတ်ကြီးလည်း ကြိုက်နှစ်သက်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ် ။ ကိုငှက်ရဲ့ ဘဝ ကို ပြန်ဆိုထားတယ်လို့ ထင်ရသလို ကျွန်တော် တို့တွေရဲ့ ဘဝမှာ လည်း ဒီသီချင်းလေး က တိုက်ဆိုင်မှုတွေ ပေးကြမယ်ထင်ပါတယ်.....

Wednesday, January 13, 2010

သံစဉ်ချစ်သူများသို့

သီချင်းလေးတွေ နားဆင်နိုင်ဘို့ playlist လေးလုပ်ပေးထားပါတယ်.. connection ကောင်းဘို့တော့လိုအပ်မှာပေါ့
rock သီချင်းလေးတွေ များများ တင်ပေးထားပါတယ်... သီချင်းကောင်းလေးတွေစုစည်းပေးထားတာပါ.....
အဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ် ၊ songstosongs ကိုအားပေးကြတဲ့သူများကို ကျေးဇူးတင်လျှက်....

Monday, January 11, 2010

လမ်းဟောင်းလေးသို့အလွမ်း

ကိုလေးဖြူ နဲ့ ဒီဒီ တို့ရဲ့ သီချင်းအဟောင်းလေးတစ်ပုဒ် တင်ပေးထားပါတယ် .. ၁၉၉၇ ခုနှစ် မှာ ထွက်ခဲ့တဲ့
စောင့်နေတဲ့ချစ်သူများ အခွေထဲကပါ ... ဗယ်လင်တိုမ်းဒေး အမှတ်တရ အနေနဲ့ ထွက်ခဲ့တာပါ... ကိုလေးဖြူ
ရဲ့ စုံတွဲ သီချင်းလေးတစ်ပုဒ်ပါ ...ပြန်လည်ခံစားနိုင်ကြပါစေ....

ကျေးဇူးတင်ရှိပါသည်

လာရောက်အားပေးသူများကိုကျေးဇူးတင်ပါတယ် ၊ ဒီထက်ကောင်းအောင် အမြဲကြိုးစားသွားပါမယ် ။ သီချင်းလေးတွေ လည်း ရွေးပီး တင်ပေးသွားပါမယ် .... အားပေး တဲ့သူများ အတွက် အမြဲတမ်း ကြိုးစားသွားပါမယ်...

Sunday, January 3, 2010

သီချင်း(song)ဆိုသည်မှာအဘယ်နည်း

ကိုယ်ပိုင်သီချင်းတွေရေးစပ်မည့်သူတစ်ယောက်ဟာသီချင်းဆိုတဲ့ဟာမှာဟာတွေပါ
ဝင်ပေါင်းစပ်ဖွဲ့စည်းထားတယ်ဆိုတာကိုအခြေခံကျကျနားလည်ထားဖို့အရေးကြီးပါ
တယ်။တကယ်တမ်းပြောကြမယ်ဆိုရင်သီချင်းတပုဒ်ဖန်တီးဖို့ရာမှာ
(၁) မိမိရဲ့ခံစားမှုကိုတင်ပြဖို့(THEME)အကြောင်းအရာပိုင်းနဲ့အဲဒီအကြောင်းအရာ
တွေကိုသက်ဝင်လာစေဖို့တန်ဆာဆင်ဖို့ရာ(LYRIC)ဆိုတဲ့စကားလုံး(စာပေ)တွေလို
အပ်ပါတယ်။
(၂) အဲဒီအကြောင်းအရာစကားလုံးတွေကိုကြားရသူစိတ်ညွတ်ပြောင်းလာအောင်အ
သံအတိုအရှည်အဆွဲအငင်၊အနိမ့်အမြင့်တို့နဲ့ဆွဲဆောင်သီဆိုဖို့ရာ``အသံစနစ်´´
ဆိုတာလဲလိုအပ်လာပါတယ်။ချုပ်ပြီးပြောရမယ်ဆိုရင်သီချင်းဆိုတာက စကားလုံးနဲ
အသံစနစ်ကိုဟန်ချက်မျှတစွာပေါင်းစပ်ဖွဲ့စည်းထားတာကိုဆိုလိုတာပါပဲ။

အသံစနစ်(SOUND)ဆိုသည်မှာအဘယ်နည်း။
စာပေအကြောင်းအရာခံစားချက်ဆိုတာကတော့ပုဂ္ဂလိကခံစားချက်အလုပ်ဖြစ်တာ
ကြောင့်လွတ်လပ်ပါတယ်။မိမိခံစားရတဲ့အကြောင်းအရာတွေကိုကြိုက်သလိုရွေးချယ်
ရေးစပ်နိုင်ပါတယ်။သို့သော်လည်းအဲဒီအကြောင်းအရာနဲ့ပေါင်းစပ်ဖွဲ့စည်းရမယ့်
အသံစနစ်ကတော့စနစ်စည်းကမ်းအတိအကျရှိပါတယ်ထင်သလိုလုပ်လို့မရနိုင်ဘူး
ဆိုတာသတိထားရပါမယ်။

အသံရဲ့ဗီဇနှစ်မျိုး
အသံစနစ်ဆိုလို့ပြောစရာတေါ့ရှိပါသေးတယ်။ဆူညံသံ(NOISE)နဲ့ဂီတနဲ့ပတ်
သက်တဲ့အသံ(TONE)ဆိုပြီး(၂)မျိုးရှိပါတယ်။ဆူညံသံကိုပယ်ပြီးသာယာသံက
ိုယူရပါမယ်။
သာယာသံ(TONE)ရဲ့ဗီဇ
ဂီတနဲ့ပတ်သက်တဲ့သာယာသံကိုရရှိဖို့အောက်ပါအရည်အချင်းများနဲ့ပြည့်စုံ
ုံရမှာဖြစ်ပါတယ်။
၁။ Pitch လို့ခေါ်တဲ့အသံလှိုင်းကြိမ်နှုန်းအနိမ့်အမြင့်၊
၂။ Durationလို့ခေါ်တဲ့အသံတစ်ခုရဲ့ကြာရှည်ချိန်၊
၃။ Dimimentလို့ခေါ်တဲ့အသံတစ်ခုရဲ့အပြင်းအပျော့နဲ့
၎။ Tembreလို့ခေါ်တဲ့အရာဝတ္ထုတစ်ခုကထုတ်လုပ်လိုက်တဲ့အသံရဲ့အရည်
်အသွေးတို့ပဲဖြစ်ပါတယ်။
ဒါတွေတစ်ခုချင်းစီရဲ့အသေးစိတ်အကြောင်းတွေကိုတော့အရင်ဂီတဆောင်းပါး
တွေမှာအသေးစိတ်ဖော်ပြခဲ့တာကြောင့်ယခုထပ်မံပြီးမဖော်ပြတော့ပါဘူး။

သီချင်းဘယ်လိုရေးကြမည်နည်း။
စကားလုံးအကြောင်းအရာပိုင်းကိုတော့ကိုယ့်ခံစားချက်နဲ့ကိုယ်ရေးနိုင်တာ
ကြောင့်ဒါကိုမရေးပြတော့ပဲအသံတွေနဲ့သီချင်းတွေကိုဘယ်လိုဖွဲ့စည်း
တည်ဆောက်သလဲဆိုတာကိုပဲအဓိကထားရေးသွားပါ့မယ်။အရိုးစင်းဆုံး
ပြောရမယ်ဆိုရင်တေးသွားသံစဉ်(MELODY)တစ်ခုရရှိုဖို့ရန် (PITCH)ဆို
တဲ့အသံအနိမ့်အမြင့်နဲ့၊(DURATION)ခေါ်တဲ့အသံအတိုအရှည်တို့ကိုသ
ဟဇာတဖြစ်အောင်စီမံဖွဲ့စည်းယူရတာပဲဖြစ်ပါတယ်။

အသံအနိမ့်အမြင့်အတွက်ဂီတစကေးလ်
သီချင်းရေးဖွဲ့ဖို့အတွက်ဂီတစကေးလ်များကိုယခင်(A.D 450)ရှေးနှစ်
ပေါင်းများစွာထဲက (CHURCH MODE)ခေါ်တဲ့ဂီတစကေးလ်များကိုတီထွင်
သတ်မှတ်ခဲ့ကြပါတယ်။16ရာစုနောက်ပိုင်းမှာစကေးလ်များထပ်မံတိုးပွားခဲ့ပါ
တယ်။ဒီတော့သီချင်းရေးစပ်ဖို့ရာစကေးလ်ဆိုတာသေသေချာချာသဘော
ပေါက်ထားဖို့တော့လိုပါတယ်။ဒီတော့စကေးလ်ဟူသည်မှာအဘယ်နည်း။
Nearly All Musics Is Made Up Of Notes Or Tones That Have A
Definite Pitch Relationship To One Another A Basic Set Of Notes
That Are Nor Mally Played Es A Musical Scale .
များသောအားဖြင့်ဂီတဆိုတာ သာယာသံများနဲ့ တည်ဆောက်ထားကြပြီး
အဲဒီအသံတွေဟာတိကျတဲ့(Pitch) အသံအနိမ့်အမြင့်တို့ရှိကြကာ တစ်ခုနဲ့
တစ်ခုလည်းဆက်နွယ်လျက်ရှိကြပါတယ်။အဲဒီအခြေတကျရှိတဲ့အသံအုပ်စု
ကိုပုံစံတကျတီးခတ်ရတာကိုဂီတစကေးလ်လို့သတ်မှတ်ပါတယ်။

Scale Is A Group Of Tones Sounded In Particular Sequence
စကေးဟူသည်အသံများကိုအုပ်စုတစ်ခုဖွဲ့ပြီးသီးခြားအစီအစဉ်များချမှတ်
ကာတီးခတ်ရခြင်းကိုခေါ်ပါတယ်။
အထက်ပါအဆိုမိန့်တွေကိုထောက်ချင့်ပြီးပြောရမယ်ဆိုရင်စကေးလ်ဆို
တာအသံတွေနဲ့ဖွဲ့စည်းထားပြီးအဲဒီအသံတွေဟာစည်းကမ်းမဲ့ပရမ်းပတာ
မဟုတ်ဘဲတိကျတဲ့အသံအနိမ့်အမြင့်(Pitch) တို့ရှိကြကာသီးခြားသတ်မှတ်
ထားတဲ့အစီအစဉ်များနဲ့ပုံစံတကျတီးခတ်ရတာကိုစကေးလ်လို့နားလည်ရ
မှာဖြစ်ပါတယ်။

ဒိုင်ယာတိုးနစ်မေဂျာစကေးလ်(DIATIONC MAJOR SCALE)
စကေးများစွာရှိတဲ့အထဲက သီချင်းရေးစပ်လိုသူများပထမ
ဦးစွာသိသင့်သိထိုက်တာကတော့ဒိုင်ယာတိုးနစ်မေဂျာစကေးလ်ဖြစ်ပါတယ်။
အမှန်တော့စကေးလ်ဆိုတာဟာ(FUNDERMENTAL NOTE)မူတည်သံစဉ်
တစ်ခုကနေသူ့ထက်အသံမြင့်တဲ့အသံများဆီသို့တဖြည်းဖြည်းမြင့်တက
်သွားပြီး မူတည်သံနဲ့တဖန်ပြန်လည်တူညီတဲ့အသံမှာအဆုံးသတ်လေ့ရှိပါ
တယ်။

ဒိုင်ယာတိုးနစ်မေဂျာစကေးလ်ပုံစံ
(DIATIONC MAJOR SCALE FROM KEY :C)
TONIC(OR)TONEC OCTVE
1 2 34 5 6 7i-(အသံအပြန်)
(မူတည်သံ)

ဖော်ပြခဲ့ပြီးတဲ့စကေးလ်ရဲ့အဓိပါယ်သဘောတရားများအရဒိုင်ယာ
တိုးနစ်မေဂျာစကေးလ်ကိုသုံးသပ်ကြည့်ကြပါဦးစို့။ဒိုင်ယာတိုးနစ်
စကေးလ်မှာတိကျတဲ့အသံအနိမ်အမြင့်(DEFINTE PITCH)ရှိ
ကြောင်းအောက်ပါဇယားအရသိရှိနိုင်ပါတယ်။ဖော်ပြပါဒိုင်ယာတိုး
နစ်မေဂျာစကေးလ်ဇယားအားတဖက်စာမျက်နှာတွင်အပြည့်စုံ
ဆုံးမှတ်တမ်းပြုဖော်ပြထားမှုအားလေ့လာပြီးလေ့ကျင့်ရေးသားနိုင
်ဖို့လိုအပ်ပါတယ်။ဒါမှအကောင်းဆုံးသီချင်းတပုဒ်ကိုစည်းစနစ်ကျ
ကျရေးဖွဲ့နိုင်စွမ်းလည်းရှိလာမှာဖြစ်ပါတယ်။

NOTE LETTER NAME PITCH FREQUENCY CYCLES/SEC
1(do) C 264
2(re) D 297
3(mi) E 330
4(fa) F 352
5(sol) G 386
6(la) A 440
7(ti) B 485
1(do) C 528

FREQUENCY CYCLE/SEC ဆိုတာကတစက္ကန့်မှာတုန်လှုပ်တဲ့ အသံ
လှိုင်းကြိမ်နှုန်းကိုခေါ်တာပါ။`ဒို´က 246 ကြိမ်တုန်ခါပါတယ်။`ရေ´
ကတော့297 ခါတုန်ခါပြိးအဆင့်ဆင့်မြင့်တက်သွားရာကနေ နောက
်ဆုံး `ဒို´ပြန်ရောက်တော့528 ကြိမ်တုန်ခါတါကိုတွေ့ရပါတယ်။

အခန်း(၁)ကိုဖတ်ရှုပြီးတော့ ဘယ်လောက်မှတ်မိသလဲဆိုတာက
ိုအောက်ပါမေးခွန်းလေးတွေကိုဖြေကြည့်ကြစေချင်ပါတယ်။

မေးခွန်းများ

၁။ သီချင်းတပုဒ်ဖြစ်ရန် ဆောက်တည်ထားသောအခြေခံအချက်နှစ
်ရပ်ကိုဖော်ပြပါ။
၂။ (TONE)သာယာသံတစ်ခုရရှိရန်မည်သည့်ဗီဇလက္ခဏာများရှိနေ
ရမည်နည်း။
၃။ (MELODY)တေးသွားတစ်ခုရရှိရန်မည်သည့်အရာတို့အားပေါင်း
စပ်ရမည်နည်း။
၎။ စကေးလ်၏သဘောတရားအဆိုအမိန့်တစ်ရပ်အားရေးပြပါ။
၅။ သီချင်းရေးစပ်မည့်သူသည်မည်သည့်စကေးလ်အားဥိးစွာသ
ိနားလည်ထားရမည်နည်း။
၆။ 1(do)သံ၏အသံလှိုင်းကြိမ်နှုန်း(FREQUENCY)မည်မျှရှိ
ပါသနည်း။
၇။ 5(so)သံ၏အသံလှိုင်းကြိမ်နှုန်း(FREQUENCY)မည်မျှရှိ
ပါသနည်း။